အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီမှ
ပြည်သူလူထုအတွက် အာမခံချက်ပေးလုပ်ဆောင်မည့် လုပ်ငန်းစဉ်များ
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီမှ
ပြည်သူလူထုအတွက် အာမခံချက်ပေးလုပ်ဆောင်မည့် လုပ်ငန်းစဉ်များ
ပြည်သူလူထုမှ ရွေးချယ်တင်မြှောက်ခံရသည့် မိမိတို့ပါတီမှ (ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်၊ တိုင်းရင်းသားလွှတ်တော်) ကိုယ်စားလှယ်များအနေဖြင့် အောက်ပါ လုပ်ငန်းစဉ်များကို အာမခံ ကတိကဝတ်ပြု ဆောင်ရွက်သွားမည်။
၁။ ပြည်သူလူထု၏ လူမှုစီးပွားဘဝမြှင့်တင်ရေးနှင့် ရပိုင်ခွင့်၊ အခွင့်အရေးများနှင့် ပြည်သူလူထုအပေါ် အကာအကွယ်ပေးမည့် ဥပဒေများပေါ်ပေါက် စေရေးအတွက် လွှတ်တော်နိုင်ငံရေးလမ်းကြောင်း မှ တတ်စွမ်းသမျှ ဥပဒေပြုတင်ပြဆောင်ရွက်သွားမည်။
၂။ ဒီမိုကရေစီ ဈေးကွက်စီးပွားရေးစနစ်နှင့် ဆန့်ကျင်သည့် မတရားသဖြင့်အနိုင်ကျင့်လက်ဝါးကြှီးအုပ်ယှဉ်ပြိုင်မှုများနှင့် ပြည်သူ လူထု အပေါ် မတရားအမြတ်ကြီးစား သွေးစုပ်နေသည့် အရင်းရှင်စီးပွားရေးစနစ်ကို တွန်းလှန်တိုက်ဖျက်သွားမည်။
၃။ တစ်ပိုင်တစ်နိုင် ရာသီသီးနှံများ စိုက်ပျိုးရောင်းချမှု အပေါ်အခွန် ကင်းလွတ်ခွင့်ရရှိစေရေးနှင့် အခွန်လွတ်ဈေးများ ပေါ်ပေါက်စေရေး ဖော်ဆောင်ပေးသွားမည်။
၄။ အနာဂတ်မျိုးဆက်သစ်လူငယ်များနှင့် မိသားစုဘဝများကို ဖျက်ဆီးနေသည့် မူးယစ်ဆေးပပျောက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေ နှင့် အလေးထားဆောင်ရွက်ပေးသွားမည်။
၅။ မှန်ကန်သည့်တရားစီရင်ရေး စနစ်ပေါ်ပေါက် လာစေရေးအပြင် မည်သူမဆို (တရားလို၊ တရားခံ၊ တရားပြိုင်) လူ့ဂုဏ်သိက္ခာရှိစွာဖြင့် ညီညွှတ်မျှတစွာ တရားစီရင်မှု ခံရစေရေးဆောင်ရွက်သွားမည်။
၆။ ပြည်သူလူထုအပေါ် ဝန်ထုပ်ဝန်ပိုးနှင့် ဖိနှိပ်အနိုင်ကျင့်မှုများကို ဖြစ်စေသည့် အုပ်ချုပ်ရေးယန္တရားဆိုင်ရာ ကြိုးနီစနစ်ဆိုးမှန်သမျှကို တိုက်ဖျက်သွားမည်။
၇။ နိုင်ငံဘဏ္ဍာငွေများ အလေအလွင့်မရှိ စေရေးနှင့် (ဘတ်ဂျက်) နှင့် စီမံကိန်း လုပ်ငန်းများ၏ အရည်အသွေးတိကျမှန်ကန်မှု ရှိစေရေး ကြိုးပမ်းဆောင်ရွက်သွားမည်။
၈။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်သွားမည်။
၉။ ပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အသက်အာမခံချက်ရရှိစေရေး၊ လူမှုဖူလုံရေးအတွက် “ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်” ပေါပေါက်ရေး အထူးကြိုးပမ်း ဆောင်ရွက်သွားမည်။
၁၀။ ပတ်ဝန်းကျင်ကို ဘေးအန္တရယ် ထိခိုက်စေမည့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုများကို ကာကွယ်စောင့်ရှောက်သွားမည်။
၁၁။ တိုင်းရင်းသား လူမျိုးအသီးသီးတို့၏ အမျိုးသားရေးလက္ခဏာများ၊ ယဉ်ကျေးမှုစရိုက်များ၊ ရိုးရာဓလေ့အမွေအနှစ်များ၊ စာပေများကို မပျောက်ပျက်စေရေး အလေးထားဆောင်ရွက်မည်။
၁၂။ ဒေသခံဌာနေတိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝနှင့် ၎င်းတို့၏ အကျိုးစီးပွားများအတွက် ကူညီဆောင်ရွက်ပေးသွားမည်။
အမျိုးသားအကျိုးစီးပွားတိုးတက်ရေးပါတီ(ဗဟို) ရုံး
လိပ်စာ : မော်လမြိုင်မြို့၊ မွန်ပြည်နယ်။
ဖုန်း : ၀၉၇၅၂၅၁၅၄၈၆၊ ၀၉-၆၇၉၁၀၂၀၁၀၊ ၀၅၇-၂၀၂၆၉၅၅
Email : info@nidpmm.org